The Batch File Program အကြောင်းတစေ့တစောင်း
Sunset in the mountains
1 month ago Admin

Batch File Program အကြောင်းတစေ့တစောင်း

Batch file ဆိုတာ Command Prompt အဓိကကျသော အုပ်စုဖွဲ့ခိုင်းစေမှုမျိုးကို အကောင်းဆုံး Control လုပ်နိုင်တဲ့ One Click Program အသေးလေးတစ်ခုဖြစ်ပါတယ်။

ရပ်တည်နိုင်မှု၊ မောင်းနှင်နိုင်မှုတွေဟာလည်း Batch File ရဲ့ကောင်းချက်တွေဖြစ်ပါတယ်။...

အရင်တုန်းကတော့ Programming လေ့လာစရာပမာ Batch file တွေကိုအားထုတ်လေ့လာခဲ့ကြပြီး Batch file နှင့်ပတ်သက်၍ လေ့လာစရာ Guide Book များစွာလည်းရှိပါတယ်။ 

အခု Batch file တွင်သုံးသော Keywords တို့ကိုစတင်လေ့လာကြည့်ရအောင်..

  • START >> Program တစ်ခုကို စ Run ဖို့ခိုင်းစေရန် သုံးသော Keyword ဖြစ်ပါတယ်။

  • CALL >> မတူညီသော File တစ်ခုကို ခေါ်ယူလိုသောအခါတွင် အသုံးပြုသော Keyword ဖြစ်ပါတယ်။

  • SHIFT >> Batch file ရှိသတ်မှတ်ချက်ကို ရွေ့ပြောင်းခိုင်းစေ ညွန်ကြားသော Keyword ဖြစ်ပါတယ်။

  • ECHO >> အပေါ်နှင့်အောက် စာနှစ်ကြောင်းကိုခြားနားဖို့ အသုံးပြုသော Keyword ဖြစ်ပါတယ်။

  • CLS >> အခြားသော Commands တွေရှိနေပါက သန့်ရှင်းဖို့အတွက် အသုံးပြုသည့် Keyword ဖြစ်ပါတယ်။

  • FOR >> Command တစ်ခု ညွှန်ဆိုဖို့အတွက်သာ အသုံးပြုသော Keyword ဖြစ်ပါတယ်။

  • @ECHO OFF >> Batch file တွေမှာ မောင်းနှင်နေမယ့် Code Commands တွေကို မမြင်စေဖို့ အသုံးပြုသော Keyword ဖြစ်ပါတယ်။

  • CHOICE >> အခြားသော Program တစ်ခုကို မောင်းနှင်ရန် နှင့် ရွေးချယ်ခိုင်းစေရန်အတွက် အသုံးပြုပါသည်။

  • PAUSE >> Run နေစဥ်သည့်အတွင်း ခေတ္တရပ်တန့်ဖို့ ညွန်ကြားပေးပါတယ်။ ၎င်း Key ကြောင့် Press any key to continue ကိုတွေ့မြင်ရပါမယ်။

  • GOTO >> ညွန်ဆိုထားသည့် Command Line တွေ အဆင့်ဆင့်မသွားဘဲ ကျော်ပြီးတန်းသွားလိုတဲ့အခါမျိုးတွင် အသုံးပြုရသော Keyword ဖြစ်ပါတယ်။

  • IF >> Programming Language တွေမှာလည်း အသုံးပြုသော Keyword ဖြစ်ပါသည်။ ကိုယ့်ညွှန်ကြားစေခိုင်းလိုက်သောလုပ်ဆောင်ချက်တို့ကို ပြည့်စုံမှုရှိရဲ့လားစစ်ဆေးပြီး ရှိခဲ့လျှင် ညွန်ဆိုထားသည့် Command ကို ဆက်လက်မောင်းနှင်စေဖို့ အသုံးပြုပါတယ်။

  • REM >> မိမိညွန်ဆိုထားသည့် Command အကြောင်းကို အသေးစိတ် note လုပ်ထားသောကြောင့်လိုအပ်သည့်အခါမှာ ၎င်းတို့ကို Program Code Line မဟုတ်ကြောင်း REM ကဖော်ပြပေးထားသော Keyword ဖြစ်ပါတယ်။

  • EXIT >> လုပ်ဆောင်ချက်ပြီးလျှင် ထွက်ရန်ခိုင်းစေသော အသုံးပြုပါတယ်။

နောက်ထပ်အပိုင်းတွေမှာလည်း Batch File creation လုပ်တဲ့အပိုင်းတို့ကို ဆက်လက်မျှဝေပေးပါဦးမယ်..!!

© 2024 NIT University. All Rights Reserved.