The NCC Level-4 (Diploma in Computing) မှာ သင်ကြားရသော Designing and Developing a Website (DDW) ဘာသာရပ်အကြောင်
Sunset in the mountains
2 months ago Admin

NCC Level-4 (Diploma in Computing) မှာ သင်ကြားရသော Designing and Developing a Website (DDW) ဘာသာရပ်အကြောင်း Knowledge Sharing ပြုလုပ်ပေးတဲ့အစီအစဥ်ဖြစ်ပါတယ်..

ဒီဘာသာရပ်မှာဆိုရင် Website တွေမှာ အရေးပါတဲ့ responsive website အကြောင်းကို လေ့လာကြမှာဖြစ်ပြီး HTML CSSလို့ခေါ်တယ့် website တစ်ခုတည်ဆောက်ရာမှာ အရေးပါတဲ့ အခြေခံတွေကို သင်ကြားရမှာဖြစ်ပါတယ်..

Designing and Developing a Website (DDW) ဘာသာရပ်တွင် သင်ကြားရမှာကတော့...

• Introduction to HTML

• Introduction to CSS

• Hyperlinks 

• Integrating Media

• HTML layouts and tables

• HTML forms

• Page Layout with CSS

• Introduction to Web Design 

• Navigation and Interface Design

• Evaluation and Testing 

• Summary

HTML ဆိုသည်မှာ Hyper Text Markup Language ဖြစ်ပြီး markup language အမျိုးအစားတစ်ခုလည်း ဖြစ်ပါသည်။ Markup Language ဆိုသည်မှာ Website မှာပြချင်တဲ့ Content တွေကို ပုံစံကျကျ တည်ဆောက်ထားသော System တစ်ခုဖြစ်ပါသည်။

HTMLဟာဆိုရင် website တစ်ခုရဲ့ အဓိက ကျောရိုးဖြစ်ပြီး CSS မှာလည်း website တစ်ခုရဲ့ User Experience ကို ကောင်းမွန်စေရန်အတွက် website design ပိုင်းဆိုင်ရာကို ထောက်ပံ့ပေးပါတယ်။

HTML ကိုလေ့လာရာမှာလည်း syntaxနဲ့ HTMLရဲ့ တည်ဆောက်ပုံတွေကို သင်ကြားပြီး semantic elements လို့ခေါ်သော HTMLမှာ အရေးကြီးတဲ့ key feature တွေကို သင်ကြားလေ့လာရမှာဖြစ်ပါတယ်။

ဒီဘာသာရပ်ကို အပိုင်း(၃)ပိုင်းခွဲ၍ လေ့လာနိုင်ပါတယ်..

  • HTML အကြောင်း အသေးစိတ်လေ့လာနိုင်ခြင်း။
  • HTML ထဲမှာ layouts များကို div tag နှင့် span tagများကို အသုံးပြုမှုကို လေ့လာခြင်း၊ 
  • HTML formများကို တည်ဆောက်ခြင်း၊ HTML input elements များကို လေ့လာနိုင်ခြင်း၊ 
  • Hyperlinks ကို Anchor tags (a tags) အသုံးပြု၍ ပြုလုပ်နိုင်ခြင်း၊ 
  • Linksတွေကို styleပြုလုပ်ခြင်း၊ Hyperlink ရဲ့ သဘောတရားကို လေ့လာနိုင်ခြင်း၊
  • HTML နှင့် CSSချိတ်ဆက်၍ အသုံးပြုနိုင်မှုအကြောင်း လေ့လာနိုင်ခြင်း၊ 
  • CCS အကြောင်း အသေးစိတ်လေ့လာနိုင်ခြင်း။
  • Images, audio နှင့် video များကို web pages တွေထဲမှာ ထည့်သွင်းအသုံးပြုနိုင်ရန် လေ့လာခြင်း၊
  • Validation နှင့် Submission များကို Formအတွင်းထဲတွက် ထည့်သွင်းအသုံးပြုနိုင်ရန် လေ့လာခြင်း၊
  • Flexbox၊ CSS grid အစရှိတဲ့ advanced CSSများကို လေ့လာခြင်း၊
  • Navigation menus နှင့် buttons တို့ကို CSS ဖြင့် design ပြုလုပ်နိုင်ရန် လေ့လာခြင်း၊
  • Web ပိုင်းဆိုင်ရာ General Knowledge အကြောင်း လေ့လာနိုင်ခြင်း။
  • Responsive Web Design တွေကို နည်းစနစ်တကျလေ့လာခြင်း၊ Web Design Principles များကို လေ့လာခြင်း၊
  • User-Friendly Websites များကို လေ့လာခြင်း၊
  • Website Testing နှင့် Websiteကိုအကျဉ်းချုံးလေ့လာခြင်း၊
  • Web design ကို Design Principles အပေါ်တွင် အခြေခံ၍ အသုံးပြုနိုင်ရင် လေ့လာခြင်း၊
  • Usability Test ကို အသုံးပြုခြင်း၊
  • မတူညီတဲ့ website hosting တွေရဲ့ Advantages and Disadvantages များကို လေ့လာခြင်း၊

အထက်ပါပညာရပ်အကြောင်းအရာတို့ကို သင်ကြားရခြင်းကြောင့် Web Development career မှာ အရေးကြီးဆုံးအခြေခံအထောက်အပံ့ကောင်းတစ်ခုကို ရရှိသွားမှာဖြစ်ပါတယ်။

© 2024 NIT University. All Rights Reserved.