The Programmer ကောင်းတစ်ယောက်ဖြစ်ဖို့ ဘယ်လိုစိတ်မျိုးဖြင့် လေ့လာသင့်သလဲ..??
Sunset in the mountains
2 months ago Admin

Programmer ကောင်းတစ်ယောက်ဖြစ်ဖို့ ဘယ်လိုစိတ်မျိုးဖြင့် လေ့လာသင့်သလဲ..??

အကောင်းဆုံးကတော့ ဘာမှ မသိသလိုမျိုးနေရမှာပါ.

(တနည်းအားဖြင့် Zero Level လို့ကိုယ့်ကိုသတ်မှတ်ထားတာမျိုး မဟုတ်ရင် Beginner mindset ဆိုပြီးသတ်မှတ်ထားမျိုးဆို အရာရာတိုင်းက လေ့လာစရာတွေ ဖြစ်နေမှာပါ..)

ကျယ်ပြန့်လှတဲ့ IT fieldထဲကို စပြီးဝင်ရောက်လေ့လာပြီဆိုတာနဲ့ မပြီးဆုံးနိုင်တဲ့ လေ့လာမှုတွေလုပ်ရပါတယ်.

ဘယ်တော့မှ လေ့လာလို့ပြီးတယ်မရှိသလို ဘယ်လောက်တော်ပါတယ်ဆိုတဲ့သူဖြစ်ဖြစ် မသိတဲ့အရာတွေ အများကြီးရှိနေဆဲ ဖြစ်နေမှာပါ..

နေ့စဉ်နဲ့အမျှ ပြောင်းလဲပြီးတော့ update ဖြစ်နေတဲ့ technologies တွေကို အမြဲလေ့လာနိုင်ဖို့အတွက်

မနက်အိပ်ယာထပြီဆိုတာနဲ့ ငါဒီနေ့လေ့လာစရာတွေအများကြီးရှိသေးတယ်ဆိုမျိုးတွေးပါ။ ‌

တစ်နေကုန်လေ့လာနေရတာမျိုးမဟုတ်ပဲ တစ်ရက်ကိုအနည်းဆုံး ၂နာရီတော့အချိန်ပေး လေ့လာသင့်ပါတယ်။

အထူးသဖြင့် IT fieldထဲမှာဆိုရင် နေ့စဉ်နဲ့အမျှ technologies Updates အသစ်တွေကပေါ်နေမှာမို့လို့အဲ့သလိုမျိုးအဆက်မပြတ်ဖန်တီးမှုတွေကို‌ နောက်လိုက်နိုင်အောင် ကိုယ်တိုင်ကအမြဲလေ့လာနေဖို့လိုအပ်တာအမှန်ပါပဲ။

ကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲ ကိုယ့်ဟာကို အမြဲတမ်း Beginner တစ်ယောက်လိုသဘောထားပါ။

သူများကိုဘယ်လောက်တော်နေတယ် ဘယ်သူကဘယ်လောက်နောက်ကျနေတယ်ဆိုတာကိုဂရုမစိုက်ပဲ ကိုယ့်ဘာသာပဲ ဆက်လေ့လာနေဖို့လိုပါတယ်။ 

Motivation ထက် discipline, consistencyကို ထားပါ။ ထပ်ဖြည့်ပြောချင်တာတစ်ခုကတော့ ကိုယ်လုပ်ချင်တာကိုရအောင်လုပ်မယ်ဆိုတဲ့စိတ်ထားပါ။

ဘယ်သူပဲဖြစ်ဖြစ် code ရေးတဲ့သူတိုင်း error တွေကို နာရီပိုင်း ကစလို့ ရက်ပိုင်းထိဖြေရှင်းရတာတွေတောင်ရှိပါတယ်။ ကိုယ်တောင်မဟုတ်ဘူး အခုအောင်မြင်နေတဲ့လူတွေတိုင်း အောက်‌‌ခြေကနေစပြီးကြိုးစားလာကြတာပါပဲ။ 

ကိုယ်မသိတာရှိရင် ဒါမှမဟုတ် ကိုယ်‌မဖြေရှင်းတတ်တဲ့ error တက်ရင်လည်း internet ပေါ်မှာ research လုပ်ပြီး ဖြေရှင်းနိုင်ပါတယ်။

ဒါကြောင့် Beginner mindset ဟာ ပညာရပ်တစ်ခုခုကိုလေ့လာနေတဲ့လူတိုင်းရှိကိုးရှိသင့်ပါတယ်။ သင့်မှာရော ရှိနေပြီလား.

© 2024 NIT University. All Rights Reserved.