The Linux မှာ Process များကို ဘယ်လို Kill ကြမလဲ?
Sunset in the mountains
2 months ago Admin

Linux မှာ Process များကို ဘယ်လို Kill ကြမလဲ? 

Computer မှာအသုံးပြုနေကြသော Operating System များတွင် Users (သို့မဟုတ်) Operating System ကိုယ်တိုင်က Run သော Programs များစွာသည် RAM ပေါ်တွင်ရှိနေတတ်ပါသည်။ ထိုသို့သောအရာများကို " Process " ဟုခေါ်ပါသည်။ 

ယင်း Process များသည် ပုံမှန်ဆိုပါလျှင် အချိန်တစ်ခုရောက်ပါက Complete ဖြစ်ပြီး ရပ်တန့်သွားကြမှာဖြစ်သော်လည်း တစ်ခါတစ်လေမှာ အကြောင်းအမျိုးမျိုးကြောင့် Error ဖြစ်သွားခြင်းမျိုးလည်းရှိတတ်သောကြောင့် Process များကို Users ကိုယ်တိုင်က Manage လုပ်ရန် လိုအပ်လာပါတယ်။

Linux Machine များတွင် Process များကို Manage လုပ်သည့် tools များအကြောင်းနှင့် ဘယ်လို Manage လုပ်ကြမလဲဆိုတာကို ဖော်ပြပေးသွားမှာဘဲဖြစ်ပါတယ်။

Linux Operating System များတွင် Process များကို Manage လုပ်ရန် " top , ps , pgrep , etc..." အစရှိသော tools များစွာရှိပါသည်။ 

ဒီနေ့တော့ ကျွန်တော်တို့ " top ဆိုတဲ့ command " အကြောင်းလေးကို Knowledge Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ..

======================================

" top command " ကိုဘယ်နေရာအသုံးပြုကြသလဲ..??

လက်ရှိ Running ဖြစ်နေသော process များကို List ထုတ်ကြည့်ချင်သည့်အခါတွင် အသုံးပြုကြပါသည်။

" top Command " ကိုအသုံးပြု၍ စစ်မည့်ဆိုပါက " Process ID " မှစ၍ User, CPU Usage, RAM Usage, Name, etc..အစရှိသဖြင့် Process တစ်ခု၏ Information များကို တွေ့ရမည်ဖြစ်ပါသည်။ 

" top Command " ကိုသုံးသည်ဆိုပါက Currently run နေသော process များကို Up to date သဘောမျိုးပြနေမည်ဖြစ်ပါသည်။

ထို့အတွက်ကြောင့် " top Command Section " အတွင်းမှ ပြန်၍ ထွက်လိုပါက (သို့မဟုတ်) 

ရပ်တန့်လိုပါက " qသို့မဟုတ် Ctrl + C ကိုအသုံးပြုနိူင်ပါသည်။ 

======================================

top ကိုအသုံးပြု၍ ဘယ်လို Kill ကြမလဲ..??

-Process များကို Terminate လုပ်သည့်အခါတွင် များသောအားဖြင့် kill, pkill စသော Command များကိုသာ အသုံးပြုကြပါသည်။

-ဒါအပြင် top ဖြင့် Process များကို List လုပ်ပြီးအသုံးပြုနိုင်ခြင်းနှင့် Process များကို Terminate လုပ်ရန်အတွက်လည်း အသုံးပြုနိုင်ပါသည်။

-အရင်ဆုံး top ကိုသုံး၍ Process ကို List လုပ်ကြည့်နိုင်ပြီးTerminate လုပ်ချင်သည့်အခါတွင်လည်း " k ဟူသော keywork ကိုအသုံးပြု၍ Terminate လုပ်နိုင်ပါတယ်။”

-K ကိုနှိပ်သည့်အခါ သူ့အနေနှင့် မိမိ Terminate လုပ်လိုသော Process ၏ pid (process id) ကိုထည့်ခိုင်းမည်ဖြစ်ပါသည်။ 

-Process ID ကိုထည့်သွင်း၍ မိမိတို့မသုံးလိုသော process များကိုလည်း terminate လုပ်နိုင်ပါသည်။

02.jpg 208.85 KB

© 2024 NIT University. All Rights Reserved.