The SDN (Software Defined Networking)
Sunset in the mountains
3 months ago Admin

ကျနော်တို့ ဒီတခေါက်မှာတော့ network automation tool တခုဖြစ်တဲ့ ansible ကို lab configuration နဲ့ စမ်းသပ်ပီးမိတ်ဆွေတို့အတွက် sharing လေးလုပ်ပေးချင်ပါတယ်။ 
ကျနော်တို့ အစက video file လေးနဲ့ လုပ်ချင်ပေမယ့် အခက်အခဲလေးတွေရှိတဲ့အတွက် pdf file လေးနဲ့ပဲ lab configuration လေးကို sharing လေးလုပ်ပေးချင်ပါတယ်။
 Ansible ကို 2017 မှာ develop လုပ်ခဲ့ပြီး ကျနော်တို့ network enginner များအတွက် အချိန်ကုန် လူပင်ပန်းသက်သာပြီး network device ပေါင်းများစွာကို script file လေးတခုရေးလိုက်တာနဲ့ automatic configuration နဲ့ reporting ပြုလုပ်လို့ရပါတယ်။ ကျနော်တင်ခဲ့တဲ့ SDN နဲ့ပတ်သက်ပြီး တချို့ မိတ်ဆွေများသိချင်တာတခုရှိလိမ့်မယ်။  ဒါကတော့ SDN, NETCONF နဲ့ ansible တို့က ဘယ်လိုဆက်စပ်မှုရှိလဲပေါ့။ အဓိကအားဖြင့် NETCONF ကတော့ SDN ရဲ့ southbound interface protocol တခုဖြစ်ပြီး သူကတော့ LAN ထဲက SDN Controller နဲ့ချိတ်ဆက်ထားတဲ့ network devices တွေကို ဘယ် device ကတော့ ဖြင့် ဘယ်သူ့ဆီကို traffic ပို့နေပြီ၊ ဘယ် router ကတော့ ဘယ် network နဲ့ချိတ်ဆက်လိုက်ပြီ၊ စသဖြင့်ပေါ့၊ နောက်ပြီး ကျနော်တို့ SDN Controller နဲ့ network device တွေကို configure လုပ်မယ်ဆိုလည်း NETCONF protocol က SSH ကနေတဆင့်  သက်ဆိုင်ရာ network device တွေထဲဝင်ပြီး မင်းကတော့ ဒါလုပ်၊ မင်းကတော့ ဒါလုပ်ဆိုပြီး controller ရဲ့ စေခိုင်းချက်အတိုင်းခိုင်းစေပါတယ်။ 
 Configure ချပြီးချိန်မှာတော့ YANG Data model နဲ့ network device ရဲ့ configuration နဲ့တကွ controller ဆီကိုပြန်ပြီး ဘယ် switch ကိုတော့ Vlan 10 create လုပ်ခိုင်းလိုက်ပြီ၊ ဘယ် switch ရဲ့ flow entry trace မှာ ဘယ် device ကိုတော့ ပိတ်ခိုင်းထားလိုက်ပြီ စသဖြင့်ပေါ့ဗျာ။ နောက်ထပ် network automation tool တွေဖြစ်တဲ့ Ansible, Puppet နဲ့  Chef တို့ ကတော့ ကျနော်တို့ SDN Controller ရဲ့ northbound interface မှာအလုပ်လုပ်ပါတယ်။ Northbound interface အကြောင်းကိုSDN Postမှာကျနော်ရှင်းပြခဲ့ပြီးပါပြီ။ အဓိကက notrhbound interface မှာအလုပ်လုပ်တဲ့ application တွေထဲမှာ network automation tool တွေကိုလည်းအသုံးပြုလို့ရပါတယ်။
  Cisco ဆိုရင် NBI မှာ DNA Center တို့ Cisco NDP တို့နဲ့ Cisco ISE တို့ကိုပါ အသုံးပြုလာတာကိုတွေရပါတယ်။ အဓိကကတော့ ကျနော်တို့ ansible သုံးပြီး configure ချမယ်ဆိုရင် NBI ကနေတဆင့် controller ကို ဘယ် network device ကို ငါ့ထဲက script အတိုင်း configure ချခဲ့ဆိုပြီး ခိုင်းပါတယ်၊ နောက်ပြီးမှာ controller က SBI တွေဖြစ်တဲ့ NETCONF, RESTCONF, OpenFlow တို့ကိုတဆင့်ပြန်ခိုင်းတာပါ။ NETCONF ကတော့ ssh ကိုအသုံးပြုပြီး RESTCONFကတော့ Http port 80 ကိုအသုံးပြုပါတယ်။  
 ဒါဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ SDN Ansible conecpt အကြောင်းကို နားလည်မယ်ထင်တယ်လို့ ယူဆရင်း ကျနော်ံ့ရဲ့ ansible basic configuration file လေးကို sharing လုပ်ပေးလိုက်ပါတယ်ခင်ဗျာ။ တစ်လက်စတည်း OSPF Configuration လုပ်တဲ့ script လေးပါတင်ပေးထားပါတယ်ဗျ။
https://drive.google.com/.../1zLVk3ls9RzY3YcV-Ugwwp-fQ...


© 2024 NIT University. All Rights Reserved.