The Factory Visit (FAME)
Admin,
3 months ago

NiT University မှ  NCC Program နှင့် ‍🎓ITPEC Program တက်ရောက်နေသော ကျောင်းသား/ ကျောင်းသူများ Factory Visit သို့သွားရောက်လေ့လာကြသောပုံရိပ်များကို အမှတ်တရ ပုံရိပ်များအဖြစ် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ..
လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချနည်းပညာများအကြောင်း နှင့် အသိပညာများ ပိုကောင်းလာစေရန် ရည်ရွယ်၍ စာတွေ့ လက်တွေ့ ချိတ်ဆက်မှုရှိအောင် သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမနှင့်အတူ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချသောသော FAME Factory သို့လိုက်ပါပို့ဆောင်ခဲ့ပါသည်။
နိုင်ငံတကာအသိအမှတ်ပြုဒီပလိုမာအတန်းများတွင်လေ့လာသင်ယူနေသော NiT University မှ ကျောင်းသား/ ကျောင်းသူများကို FAME ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးစက်ရုံရှိ သက်ဆိုင်ရာတာဝန်ရှိသူအကြီးအကဲများမှလုပ်ငန်း၏အသေးစိတ်လုပ်ငန်းစဥ်များအကြောင်းရှင်းပြပေးခြင်းနှင့် လက်တွေ့ထုတ်လုပ်နေသော ထုတ်ကုန်၏ဖြစ်စဥ်အကြောင်းတို့ကို ဆွေးနွေးဖလှယ်ခြင်းများပြုလုပ်ခဲ့ပါသည်။



© 2024 NIT University. All Rights Reserved.